Victoria Thon
မင်္ဂလာပါ။ Victoria Thon မှ ကြိုဆိုပါတယ်။ Victoria Thon Facebook page ကို September 11, 2016 မှာ စတင် တည်ထောင်ခဲ့ပါတယ်။ မြန်မာပြည်က နီးစပ်ရာ မိတ်ဆွေများရဲ့ လိုအပ်ချက်တွေကို ကူညီ ဖြည့်ဆည်းပေးတဲ့ အနေနဲ့ လိုအပ်တာတွေ၊ မှာတာတွေကို ရှာဖွေ၊ ဝယ်ယူပြီး မြန်မာပြည်ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလေးကို အဲ့ဒီ အချိန်က စခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်း စစ်မှန်ဖို့၊ စျေးနှုန်း မှန်ကန်ဖို့၊ အရည်အသွေး ပြည့်မှီဖို့၊ လိုအပ်တာတွေ အချိန်မီ ရရှိဖို့၊ စတဲ့ အချက်တွေကို အဓိကဦးစားပေးပြီး၊ ဝယ်သူတွေ စိတ်ချမ်းသာစေမယ့် အဆင့်အတန်းမီ ဝန်ဆောင်မှု တစ်ခုကို ကြိုးစား တည်ဆောက်ခဲ့ပါတယ်။ ပစ္စည်း စစ်မှန်ဖို့ ဆိုတဲ့ နေရာမှာ ဝယ်သူ မှာယူတဲ့ ပစ္စည်း အကြောင်းကို မိမိကိုယ်တိုင်က သိဖို့လည်း လိုအပ်ပါတယ်။ မသိရင်လဲ မဝယ်ခင် သိအောင် ကြိုးစားရပါတယ်။ စျေးနှုန်း မှန်ကန်ဖို့ ကျတော့ အဲ့ဒီ ပစ္စည်း ရနိုင်တဲ့နေရာတွေမှာ သွားပြီး မေးမြန်းရပါတယ်။ ဖုန်းနဲ့ မေးရတဲ့ အခါတွေလည်း ရှိပါတယ်။ အရည်အသွေး ပြည့်မှီဖို့ ကျတော့ မဝယ်ခင်မှာ စေ့စေ့စပ်စပ် ကြည့်ရပါတယ်။ ဒါတွေ အကုန်လုံးကို အချိန်ပေးပြီး လုပ်နိုင်မှ ဝယ်သူ စိတ်ချမ်းသာစေမယ့် ပစ္စည်းကောင်း တစ်ခု ရမ...