Victoria Thon

မင်္ဂလာပါ။ Victoria Thon မှ ကြိုဆိုပါတယ်။ Victoria Thon Facebook page ကို September 11, 2016 မှာ စတင် တည်ထောင်ခဲ့ပါတယ်။ မြန်မာပြည်က နီးစပ်ရာ မိတ်ဆွေများရဲ့ လိုအပ်ချက်တွေကို ကူညီ ဖြည့်ဆည်းပေးတဲ့ အနေနဲ့ လိုအပ်တာတွေ၊ မှာတာတွေကို ရှာဖွေ၊ ဝယ်ယူပြီး မြန်မာပြည်ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုလေးကို အဲ့ဒီ အချိန်က စခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်း စစ်မှန်ဖို့၊ စျေးနှုန်း မှန်ကန်ဖို့၊ အရည်အသွေး ပြည့်မှီဖို့၊ လိုအပ်တာတွေ အချိန်မီ ရရှိဖို့၊ စတဲ့ အချက်တွေကို အဓိကဦးစားပေးပြီး၊ ဝယ်သူတွေ စိတ်ချမ်းသာစေမယ့် အဆင့်အတန်းမီ ဝန်ဆောင်မှု တစ်ခုကို ကြိုးစား တည်ဆောက်ခဲ့ပါတယ်။ ပစ္စည်း စစ်မှန်ဖို့ ဆိုတဲ့ နေရာမှာ ဝယ်သူ မှာယူတဲ့ ပစ္စည်း အကြောင်းကို မိမိကိုယ်တိုင်က သိဖို့လည်း လိုအပ်ပါတယ်။ မသိရင်လဲ မဝယ်ခင် သိအောင် ကြိုးစားရပါတယ်။ စျေးနှုန်း မှန်ကန်ဖို့ ကျတော့ အဲ့ဒီ ပစ္စည်း ရနိုင်တဲ့နေရာတွေမှာ သွားပြီး မေးမြန်းရပါတယ်။ ဖုန်းနဲ့ မေးရတဲ့ အခါတွေလည်း ရှိပါတယ်။ အရည်အသွေး ပြည့်မှီဖို့ ကျတော့ မဝယ်ခင်မှာ စေ့စေ့စပ်စပ် ကြည့်ရပါတယ်။ ဒါတွေ အကုန်လုံးကို အချိန်ပေးပြီး လုပ်နိုင်မှ ဝယ်သူ စိတ်ချမ်းသာစေမယ့် ပစ္စည်းကောင်း တစ်ခု ရမှာပါ။ အချိန်မီ ရဖို့အတွက်ကိုလည်း လုံ့လစိုက်ပြီး မနက်စောစော ဖြစ်စေ၊ ညဉ့်နက်တဲ့အချိန် ဖြစ်စေ၊ ဝယ်သူ အမြန်ဆုံး ရနိုင်မယ့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းက ပို့ပေးရပါတယ်။ မှာယူတဲ့ ပစ္စည်းတွေ ဝယ်သူ လက်ထဲ မရောက်ခင် အခက်အခဲ မျိုးစုံလဲ ကြုံရတတ်ပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ဝယ်သူတွေရဲ့ အားပေးမှု ပိုမို ရရှိလာခဲ့တယ်။ ပစ္စည်း အမယ်စုံ မှာယူ အားပေးကြရာက မြန်မာပြည် လူထုရဲ့ ကျန်းမာရေး အသိပညာ တိုးတက်လာတာကြောင့် ဖြည့်စွက်စာများကို မှာယူ အားပေးမှု ပိုမိုရရှိလာခဲ့ပါတယ်။ အများစုဟာ ဝယ်သူ ရွေးချယ် မှာယူတဲ့ ပစ္စည်း ဖြစ်လို့ ဒီ ဝန်ဆောင်မှုဟာ ဝယ်သူ စိတ်ချမ်းသာမှုကို ဦးတည်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ စောစောက ပြောခဲ့သလို ဝယ်သူ မှယူတဲ့ ပစ္စည်း အကြောင်း သိဖို့ ကြိုးစားရင်းနဲ့ ဒီပစ္စည်းများနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတများလည်း တိုးပွားရပါတယ်။ မကြာခဏ ဆိုသလို ဝယ်သူများကို ဗဟုသုတ ပြန်လည် မျှဝေရင်း Facebook page မှ တဆင့် သတင်းကောင်းများ ပါးအပ်ပါကြောင်း ဒီ Blog မှာ မှတ်တမ်းတင်အပ်ပါတယ်။ ဝယ်ယူ အားပေးတဲ့ အတွက် ကျေးဇူး အထူးပင် တင်အပ် ပါကြောင်း။

Victoria Thon

Comments